Thaisar Logo

Thaisar ထိုင်းစာ

Thai Language Center

Level-1 | အခန်း (၅) အစားအစာ (Food & Dining)

Thaisar - ထိုင်းစာ သင်တန်းကျောင်းမှ ကြိုဆိုပါတယ်! 🍜

Level-1 အခန်း (၅) "အစားအစာ" (Food & Dining) တွင် ဆိုင်ထိုင် အစားအသောက် မှာယူခြင်း၊ အသားငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ဖျော်ရည်သောက်စရာများနှင့် "ไม่ใส่" (မထည့်ပါနဲ့) / "อยาก" (ချင်သည်) သဒ္ဒါများကို စနစ်တကျ လေ့လာနိုင်ပါသည်။

မှာယူခြင်း စကားပြော အသားငါးများ ဟင်းသီးဟင်းရွက် ဖျော်ရည်သောက်စရာ

အစားအသောက် မှာယူခြင်း စကားပြော (Ordering Food Dialogue)

ဆိုင်ရှင်နှင့် စားသုံးသူတို့အကြား အပြန်အလှန် အစားအသောက် မှာယူပုံများ။

ထိုင်းအသံထွက် နားထောင်ရန် ဘေးရှိ အသံထွက် ခလုတ်ကို နှိပ်ပါရှင်။
ဆိုင်ရှင် (Seller / Kaew)

คุณรับอะไรดีคะ / เอาไก่หรือเอาหมูคะ

အသံထွက်: ခူ(န်) လပ်(ပ်) အလိုင်(ယ်) ဒီး ခ / အောင်(ဝ်) ကိုင်(ယ်) ရေ(ယ်) အောင်(ဝ်) မူ ခ

ဘာယူမလဲရှင့်၊ ကြက်သားနဲ့လား၊ ဝက်သားနဲ့လား။

ဝယ်သူ (Customer / Thant Zin)

ผมขอก๋วยเตี๋ยวหมูหนึ่งชามครับ

အသံထွက်: ဖုန်း ခေါ် ကွေ့(ယ်)တီယို(ဝ်) မူ နင်(င်) ချန်(မ်) ခပ်(ပ်)

ကျွန်တော့်ကို ဝက်သားကွေတီယို တစ်ပွဲ ပေးပါဗျ

ဆိုင်ရှင် (Seller / Kaew)

คุณกินผักไหมคะ

အသံထွက်: ခူ(န်) ကင်(န်) ဖက်(က်) မိုက်(ယ်) ခ

ရှင့် အရွက်စားပါသလား။

ဝယ်သူ (Customer / Thant Zin)

ผมกินผักครับ แต่ไม่กินถั่วครับ

အသံထွက်: ဖုန်(မ်) ကင်(န်) ဖက်(က်) ခပ်(ပ်) ၊ တဲ မိုက်(ယ်) ကင်(န်) ထူဝါ ခပ်(ပ်)

ကျွန်တော် အရွက်စားပါတယ်၊ ဒါပေမဲ့ မြေပဲ မစားဘူးခင်ဗျ။

ဆိုင်ရှင် (Seller / Kaew)

ได้ค่ะ ก๋วยเตี๋ยวหมูไม่ใส่ถั่ว รอสักครู่นะคะ

အသံထွက်: ဒိုက်(ယ်) ခ ၊ ကွေ(ယ်)တီယို(ဝ်) မူ မိုက်(ယ်) စိုင်(ယ်) ထူဝါ ၊ လော စက်(က်)ခရူး န ခ

ရပါတယ်ရှင်၊ ကွေတီယိုဝက်သား မြေပဲမထည့်ဘူးနော်။ ခဏစောင့်ပါဦးရှင်။

ဝယ်သူ (Customer / Thant Zin)

โอเคครับ ชามละเท่าไหร่ครับ

အသံထွက်: အိုခေ ခပ်(ပ်) ၊ ချန်(မ်)လ ထောက်(ဝ်)လိုင်(ယ်) ခပ်(ပ်)

ဟုတ်ကဲ့ပါဗျ၊ တစ်ပွဲ ဘယ်လောက်ကျပါသလဲ ခင်ဗျ။

ဆိုင်ရှင် (Seller / Kaew)

ชามละ สี่สิบบาทค่ะ

အသံထွက်: ချန်(မ်)လ ဆီ စစ်(ပ်) ဘာ(တ်) ခ

တစ်ပွဲကို ဘတ် ၄၀ ပါရှင့်။

Notification

Action completed successfully.